ဒေးဒရဲမြို့နယ်တွင် အိမ်ထောင်စုလဦးရေ စာရင်း(ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် အိမ်ထောင်စုလဦးရေ စာရင်း(ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်

 



MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ရုံး၌ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလဦးရေစာရင်း(ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို အောင်မြင်စွာ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး မဲစာရင်းများ တိကျမှန်ကန်စေရေး ပြည်သူတစ်ဦးချင်း ကိုယ်ရေးအချက်အလက် နိုင်(၄) မှတ်တမ်းများကို Electric Systemဖြင့် Software ရေးသွင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပြီး ယခုအိမ်ထောင်စုလဦးရေစာရင်း (ပုံစံ-၆၆/၆)များကို Software Program ရေးသွင်းခြင်း လုပ်ငန်းများကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေးနှင့် စာရင်းထပ်ကျန်မှု မရှိစေရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)