ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ရန်ပုံငွေများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ရန်ပုံငွေများထောက်ပံ့

 




MNP - ဇူလိုင်   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့နှင့် ၁၅ရက်နေ့က ဖြစ်ပွားခဲ့သည့် မြစ်ကမ်းပါပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် နေအိမ်များအတွက် ယမန်နေ့နံနက် ၁၁နာရီအချိန်က ရန်ပုံငွေများထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကမ်းပြိုဘေးသင့်ခဲ့သည့် ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာရှိ နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ ကျပ် ၅၀၀၀၀၀ နှင့် လူဦးရေ ၁၆ ဦး အတွက် ဆန်ရိက္ခာ ၇ ရက်စာ ငွေကျပ် ၃၃၆၀၀၊  စုစုပေါင်းရန်ပုံငွေကျပ် ၅၃၃၆၀၀ အားလည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းပါးပိ၍ သေဆုံးသူ ၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု၍ နှစ်သိမ့်အားပေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယိပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)