ရွှေပြည်သာမြို့နယ်တွင် ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ပြိုကျ၊ ဆောက်လုပ်ရေးလုပ်သား အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်တွင် ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ပြိုကျ၊ ဆောက်လုပ်ရေးလုပ်သား အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရ





MNP ၊ ဇူလိုင် ၄

ယနေ့ ဇူလိုင် ၄ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်  ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ပြိုကျခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၄ရက် နံနက်၁၀နာရီ ၁၀မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ ဆောက်လုပ်ဆဲ (၂၀x၆၀)ပေ Steel Structure (၂)ထပ် အဆောက်အဦ၏ အနောက်ဘက်အခြမ်း ပေ(၂၀)ခန့် ပြိုကျခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကျား(၆)ဦး၊ မ(၁)ဦး စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးအား ပတ်ဝန်းကျင်နေ ပြည်သူများမှ ကူညီကယ်ဆယ်ခဲ့ပြီး ကျား(၁)ဦး၊ မ(၁)ဦး (စိုးရိမ်ရ)အား အင်းစိန်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျန် ကျား(၅)ဦး (မစိုးရိမ်ရ)အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း We Love Care လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာတွင် ထပ်မံပိတ်မိနေသူများ ရှိ/မရှိ သိရှိနိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)