ကမာရွတ်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီး ၂ဦးကို NLD အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီး ၂ဦးကို NLD အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်

 




MNP ၊ ဇူလိုင် ၄

ယနေ့ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ လှည်းတန်း(၂)လမ်းထိပ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီး ၂ဦးကို NLD အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

လှည်းတန်း(၂)လမ်းထိပ်တွင် သစ်သီးရောင်းသည့် မတင်ဌေးလှိုင်(ဘ) ဦးအောင်တင် (ပြည်ခိုင်ဖြိုးအဖွဲ့ဝင်)၊ အစ်မ ဖြစ်သူ မတင်ဌေးခိုင် (၄၅)နှစ်(ဘ)ဦးအောင်တင် တို့သည် သစ်သီးရောင်းရန် ပြင်ဆင်နေစဉ် NLD အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မတင်ဌေးလှိုင်၌ နဖူး ဝဲဘက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်ဖြင့် ထိမှန်သေဆုံးခဲ့ပြီး မတင်ဌေးခိုင်၌ ဝဲပါး ဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် လမ်း၌ ဖြတ်သန်းသွားလာသည့် ဒေါ်ကြည်ကြည်သိန်း ဆိုသူအမျိုးသမီးကိုလည်း ပစ်ခတ်သွားသဖြင့် ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ မတင်ဌေးလှိုင် အား ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ထားရှိပြီး ဒဏ်ရာရရှိသူ မတင်ဌေးခိုင် နှင့် ဒေါ်ကြည်ကြည်သိန်းတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် မတင်ဌေးခိုင် မှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာမှ ကျည်ခွံ (စိစစ်ဆဲ) (၅)ခု  တွေ့ရှိခဲ့ကြောင်းနှင့် တရားခံဖမ်းဆီး ရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)