MNP - ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါတွင်းသံဃဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၄ နာရီအချိန် အဆိုပါ ထွေ/အုပ်ရုံးရှေ့၌ လောင်းလှူခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ သစ်ဆိမ့်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း((၂၁)ကျောင်းနှင့် သီလရှင်စာသင်တိုက်တို့ ရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေး(၂၄၈) ပါးတို့အား နှစ်စဉ်မပျက် ဝါတွင်းသုံးလ အာဟာရဘောဇနပြည့်စုံစေခြင်း အကျိုးငှာ အရုဏ် ဆွမ်း/ ဆွမ်းဟင်းတို့ လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဝါတွင်းသံဃဒါနအရုဏ်ဆွမ်း ထာဝရလှူဒါန်းနိုင်ရေးအတွက် ငွေပဒေသာပင်စိုက်ထူခြင်းကို ၁၃၆၉ ခုနှစ် ဆွမ်းသိမ်းအောင်ပွဲမှ စတင်၍ ပျိုးထောင်ခဲ့ရာ ယခုအခါ ထာဝရငွေပဒေသာပင်(အရင်း+အတိုး) စုစုပေါင်း(၂၉၉)သိန်းကျော် ဘဏ်တွင် အပ်နှံစိုက်ထူထားရှိကြောင်း ဝါတွင်းသံဃာဒါနအရုဏ်ဆွမ်းလောင်းလှူရေး အကျိုးဆောင်အဖွဲ့ထံက သိရသည်။
သတင်း - ဝင်းကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment