ခရမ်းမြို့နယ်တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ



MNP - ဇူလိူင် ၃၀


ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး သစ်‌တောဂေဟာစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်နှင့် သက်ရှိ လူသားများ၏ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ခရမ်းမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ မြို့နယ်ဌာနဆိုင်ရာ ရုံးများလမ်းမဘေး၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ၊ အဖွဲ့ဝင်(၂) ဦးဝင်းလိူင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ အားစိုက်ပျိုးမည့်ပျိုးပင်များ အားပေးအပ်ခဲ့ကြောင်း သိရှိရသည်။


၎င်းနောက် သတ်မှတ်နေရာများတွင် ကျွန်း ၁၄၀ ၊ မန်ဂျန်ရှား ၅၀ ၊ ခရေ ၃၀၊ ငု ၂၀၊ ပိတောက် ၃၀နှင့် အခြားကြီးမြန်သစ်ပင် စုစုပေါင်း (၃၀၀)ပင်အား တစ်ပျော်တစ်ပါး စု‌ပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)