သာပေါင်းမြို့နယ် အမှတ် (၃၀၈) ခြေမြန်တပ်ရင်း၊ တပ်ရင်းမိသားစုများမှ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း စုပေါင်းလောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် အမှတ် (၃၀၈) ခြေမြန်တပ်ရင်း၊ တပ်ရင်းမိသားစုများမှ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း စုပေါင်းလောင်းလှူ




MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ဇူလိုင်လ ၃၀ ရက်၊ ၁၃၈၄-ခုနှစ်၊ဝါခေါင်လဆန်း (၃) ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်မှစတင်၍ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း၊ တပ်ရင်းမိသားစုများမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။


ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်အပါး (၁၃၅) ပါးတို့ကို ပင့်ဖိတ်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်သိန်း ဦးစီး၍ အမှတ် (၃၀၈) ခြေမြန်တပ်ရင်း၊ တပ်ရင်းမိသားစုအလှူရှင်များမှ အမှတ်(၃)ရပ်ကွက်၊ ဝိသုဒ္ဓါရမမြို့မ မင်းကျောင်း၌ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရများကို ဆက်ကပ်လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေကာ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ်ခေါ်ဆိုကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)