ကျေးလက်ဒေသထွက်ကုန်များ တင်ပို့နိုင်ရေး ကုန်ထုတ်မြေသားလမ်းသန်လျင်၌ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ဒေသထွက်ကုန်များ တင်ပို့နိုင်ရေး ကုန်ထုတ်မြေသားလမ်းသန်လျင်၌ဆောင်ရွက်


MNP - ဇူလိုင်  ၃၀   


သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဒေသထွက်ကုန်များအား အချိန်နှင့်တစ်ပြေးညီဈေးကွက်အတွင်း ရောက်ရှိစေရန်ရည်ရွယ်၍ ကျေးလက်နေပြည်သူများ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရံပုံငွေဖြင့် Seven 43 Co Ltd မှ တာဝန်ယူဆောင်ရွက်မည့် ကုန်ထုတ်မြေသားလမ်းခင်းခြင်းနှင့် Box Culvert(၂)စင်းလုပ်ငန်းဆောင်ရွက်မည့်နေရာအား ယမန်နေ့က သန်လျင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသကြသည်။


အဆိုပါ ကုန်ထုတ်မြေသားလမ်းဆောင်ရွက်ပြီးစီးပါက ကရင်ဆိပ်၊ ညောင်ဝိုင်း၊ မင်္ဂလွန်းနှင့် ဘော့သပြေကန် ကျေးရွာများမှ ဒေသထွက်ကုန်များ အချိန်မီတင်ပို့ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)