မအူပင်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် တစ်ဧကအထွက်နှုန်း (၁၀၀) တင်းထွက်ရှိရန် ဧက (၁၀၀) စံပြကွက်ကွင်း ပိတ်ပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့် တစ်ဧကအထွက်နှုန်း (၁၀၀) တင်းထွက်ရှိရန် ဧက (၁၀၀) စံပြကွက်ကွင်း ပိတ်ပွဲဆောင်ရွက်



MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနှင့် တစ်ဧက တင်း (၁၀၀) အထွက်နှုန်း ထွက်ရှိရန် ဧက (၁၀၀) စံပြကွက်တွင် ကွင်းပိတ်ခြင်းအခမ်းအနားကို မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်ပသည်။


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးသန်းအောင်စန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တောင်သူများ၊ တက်ရောက်ခဲ့ကြပြီး ခရိုင်စက်မှုလယ်ယာ ဦးစီးမှူး ဦးသန်းဇော်ဦးက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မအူပင် ခရိုင်တွင် ကောက်စိုက်စက်ဖြင့် ၅၅ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)