ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါး ၁၃၃၄၁၀ ဧက စိုက်ပျိုးပြီးစီးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါး ၁၃၃၄၁၀ ဧက စိုက်ပျိုးပြီးစီးနေ



MNP - ဇူလိုင်  ၃၀


ဧရာဝတီတိုင်းဒသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း ဇူလိုင် ၂၉ ရက်နေ့အထိ ၂ဝ၂၂- ၂၀၂၃ ရာသီ မိုးစပါးစိုက် ဧက  ၁၃၃၄၁၀ ဧက စိုက်ပျိုးပြီးစီးနေပြီး၊စိုက်ပျိုးနည်းများမှာ စိုက်ခင်း ၇၈၅၅၃ ဧက၊ ကြဲခင်း၅၄၈၀၅ ဧက၊ အစေ့ချ ၇၂ ဧက ဖြစ်ကာ ကျန်ရှိနေသော လယ်မြေများကိုလည်း အချိန်မီစိုက်ပျိုးပြီးစီရန် ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှသိရသည်။


ကန်ကြီးထောင့်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃အုပ်စုမှ၊ ကျေးရွာခွဲပေါင်း  ၃၈၆ ရွာရှိပြီး၊ လယ် ဧက ၁၀၅၀ ဧကအတွက် တစ်ဧကလျှင် ၄ ပြီးနှုံး ပိုက်ဆံလျှော်( သစ်စိမ်းမြေဩဇာ)ထောက်ပံ့ပေးခြင်း၊ ကွင်းယား အရှေ့ကျေးရွာတွင် တစ်ဧက စပါးတင်း  ၁ဝဝ ထွက်ရှိရေး အတွက်လယ်ဧက ၁ဝဝ အတွက် မြေဩဇာ+ ထွန်ယက်ခ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ ထောက်ပံခြင်း၊မြိုနယ်အတွင်းတောင်သူပညာပေး ဟောပြောပွဲ အကြိမ် ၂ဝ ပြုလုပ်ပေးခြင်း၊ ကွင်းယားအရှေ့ကျေးရွာတွင် မျိုး ၈ မျိုးနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဖော်ဆောင်ပေးခြင်း၊ တောင်သူများ၏ အကူအညီတောင်းခံမှု့ကြောင့် မြေပြုပြင်ခြင်း( ထုံးထည့်သွင်းခြင်း )၊ မျိုးသန့်စပါး  RS မျိုးစိုက်ပျိုး စေခြင်း၊‌မြေဩဇာနှင့်သဘာဝမြေဩဇာများကို သုံးစွဲနည်းများပြသပေးခြင်း၊ သဘာဝမြေဩဇာများ ပြုလုပ်နည်းများကို လက်တွေ့ပြုလုပ်ပေးလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကြည်မိုးက ပြောကြားခဲ့သည်။


သတင်း - မဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)