MNP ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများနှင့် အသက်(၁၂)အထက် ကျောင်းသား/သူ များအား “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပထမအကြိမ် နှင့် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂွ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများနှင့် အသက်(၁၂) အထက် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်နှင့် ဒုတိယအကြိမ်) ထိုးနှံပေးမှု အစီအမံကို ဇူလိုင်လ(၆)ရက်၊ (၇)ရက်၊ (၈)ရက်နှင့် ဇူလိုင်လ(၁၁)ရက်၊(၁၄)ရက်နေ့များတွင် မိဘအုပ်ထိန်းသူများရဲ့ သဘောတူ ခွင့်ပြုချက်များအရ ကျောင်းသား/သူများအား အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆေးထိုးသတ်မှတ်ရက်၊ စုရပ်နေရာများနှင့် အချိန်များကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ သိရှိနိုင်စေရေး ကြိုတင်အသိပေးဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment