ခန္တီးမြို့တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP - ဇူလိုင်   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့၊ နယ်မြေခံတပ်မတော်သားများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်က ခန္တီးမြို့ မြသိန်းတန် စေတီတော်ဝန်းအတွင်း ကိုင်းပင်၊ မြက်ပင်များရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)