သရက်ချောင်းမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၌(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကျင်းပ



MNP - ဇူလိုင်  ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (အထက-သရက်ချောင်း) ပညာရတနာခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအခြေခံပညာအဆင့်ပြိုင်ပွဲကို ယမန်နေ့က  ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ် ပညာရေးမှူးနှင့် ဆရာဆရာများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဝါသနာရှင်များတက်ရောက်ကြကြောင်းသိရသည်။


ပြိုင်ပွဲတွင်အထက်တန်းအဆင့်သင်ကျောင်းများမှအသက် (၁၁နှစ်မှ၁၅နှစ်) ကျောင်းသား၊ ကျောင်းသူများနှင့်အသက် (၁၅နှစ်-၂၀နှစ်) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၂)ဦးပါဝင် ယှဉ်ပြိုင်သီဆိုခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို ပဏာမရွေးချယ်သွားမည်ဖြစ် ကြောင်း၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဇူလိုင်လ  ၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဝါသနာရှင်အဆင့်နှင့်အခြေခံပညာအဆင့်များမှ ခရိုင်အဆင့်သို့ ပြိုင်ပွဲဝင်မည့်သူများအား အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူများထံမှ သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)