ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဒဿမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဒဿမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း









MNP ၊ ဇူလိုင် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒဿမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြည်ခိုင်ဖြိုးဌာနချုပ်ရှိ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီတာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းခြင်း၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇနိန္ဒိထံမှ ရေစက်ချတရားနာယူ၍  ပြုပြုသမျှသော ကောင်းမှုတို့အား အမျှဝေခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြောရေးဆိုခွင့်ရှိသူများနှင့် ဦးစီးရုံးအဖွဲ့ဝင်များက ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)