MNP - ဇူလိုင် ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက စုရပ်နှစ်ခုခွဲ၍ ယနေ့ နံနက် ၇ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးမှ ကြီးကြပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဆရာ၊ဆရာမများ ၊ ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ခန့်က အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွာသစ်ကေ ရပ်ကွက် ၊ အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်း ခြံဝင်းအတွင်းရှိ မြက်ပင်၊ ပေါင်ပင်၊ ၊ ချုံနွယ်များအား သန့်ရှင်းသာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက် သရိုက်များကိုလည်း ဆယ်ယူခြင်း၊ တံမြက်စည်းလှဲခြင်းစသည့်တို့ကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပြီး သီရိမင်္ဂလာခန်းမရှေ့မှ မြို့မဘောလုံးကွင်း လမ်းဆုံအထိ (အလောင်းဘုရားလမ်း) လမ်းဘေးဝဲယာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့် တာဝန်ရှိသူများက ပလပ်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များကို ကောက်ယူပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment