မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆန်တော်(၅)အိတ်ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆန်တော်(၅)အိတ်ဆက်ကပ်လှူဒါန်း



MNP - ဇူလိုင်  ၂၇


မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လေးမျက်နှာပရိယတ္တိစာသင်တိုက်တွင် စာဝါလိုက်နေသော သံဃာတော်များ ဆွမ်းကွမ်းပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လေးမျက်နှာပရိယတ္တိ စာသင်တိုက် ပဓါနနာယက ဆရာတော်ဘဒ္ဒန္တကဉ္စန(အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)ထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းတို့မှ သီလခံယူဆောက်တည်တော်မူပြီးနောက်လေးမျက်နှာပရိယတ္တိ စာသင်တိုက်တွင် စာပေသင်ကြားနေသော ရဟန်းသာမဏေ (၈၄)ပါးတို့အတွက် သံဃာတော်များဆွမ်းပြည့်စုံစေရေးအတွက် (၂၄)ပြည်ပါ ဆွမ်းဆန်တော် (၅) အိတ်အား ဆရာတော်ထံဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှူ အစုစုအတွက် ရေစက်ချတရားကို ဆရာတော်ထံမှ နာယူကာ အမျှအတန်းများ ပေးဝေခဲ့ကြသည်။


အဆိုပါ လှူဒါန်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်မိသားစုစည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)