မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ



MNP - ဇူလိုင်   ၂၇


ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံဒေသန္တရ ကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့် (ဌ)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာန တို့တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီလွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ ကြောင်း သိရသည်။


အဆိုပါ ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံသူရွှေပေါက်ကံ ဒေသန္တရကျန်းမာ‌ရေးဌာနတွင် (၁၀၅၃) ဦး၊ မယ်လမုစင်တာတွင် ပထမအကြိမ် Covid Shield ထိုးနှံသူ (၁၁၁)ဦး၊ (ဌ)ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဆေးခန်းတွင် ဒုတိယအကြိမ် Covanxin ထိုးနှံသူ(၂၉) ဦး စုစုပေါင်း(၁၁၇၃)ဦးတို့အား ကာကွယ်‌ဆေးများကို ကျန်းမာရေးဝန်ထမ်းများက  ထိုးနှံ‌ပေးခဲ့ပြီး အခြေခံပညာကျောင်းများတွင်လည်း (၅)နှစ်မှ (၁၂)အတွင်း ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ချက်များအလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - လှလှထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)