MNP - ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပုံစံ-၇ ကနေ တစ်ခြားနည်းသုံးစွဲခွင့်များ လျှောက်ထားသူများရှိကြောင်း၊ လယ်ယာမြေအား ဆောင်ရွက်သည့်အခါတွင် မှန်ကန်မျှတစွာဖြင့် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ လယ်ယာမြေ ပြဿနာများ နေရာအများအပြားတွင် တွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သေချာစွာ စိစစ်ရန်လိုအပ်ကြောင်း၊ အရေးယူဆောင်ရွက်သင့်သူများကို ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment