ကာလိမြို့အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ဒုတိအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာလိမြို့အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ဒုတိအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 


MNP - ဇူလိုင်  ၂၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အမှတ်(၁၅၁) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသက်နိုင်အောင်က ဦးဆောင်၍ ဒုတိယအကြိမ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်(၈)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ထောပတ်(၅၀)ပင်၊ မယ်ဇလီ(၂၀)ပင်၊ ကျွန်း(၅၀)ပင်၊ စိန်ပန်းပြာ(၃၀)ပင်၊ စုစုပေါင်း(၁၅၀)ပင်တို့အား  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


စိုက်ပျိုးပွဲတွင် ခလရ(၁၅၁)မှ တပ်မိသားစုဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)