MNP - ဇူလိုင် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပလောက်တိုက်နယ်ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပလောက်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပလောက်တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အစာအုပ်စု(၃)အုပ်စုနှင့် ညီမျှအောင်စားသုံးသင့်ကြောင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ပေါင်ချိန်ပေးခြင်း၊ သွားနှင့်ခံတွင်းသန့်ရှင်းမှုများ စစ်ဆေးပေးခြင်း၊ လက်သည်းခြေသည်းများစစ်ဆေးပေးခြင်း၊ သံချဆေးများနှင့် Vitamin A တိုက်ကျွေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment