MNP - ဇူလိုင် ၁၈
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် လဝန်ကြီးများမှ ယနေ့ နေ့လယ်ပိုင်း အချိန်က ချောင်းဆုံမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု စာရင်းပုံစံများအား သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစီစစ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေနှင့် အိမ်ထောင်စု အကြောင်းအရာများအား ပြည့်စုံမှန်ကန်စွာ ရရှိထားမှသာလျှင် ပြည်သူများ၏ အကျိုးစီးပွားအတွက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း၊ မှန်ကန်သော စာရင်းဇယား အချက်အလက်များ ရရှိရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် ယခုဆောင်ရွက်သည့် စီမံချက်သည် နိုင်ငံတော် စီမံချက်ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းကာ လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် ဖြည့်သွင်းစိစစ်ရမည့် အိမ်ထောင်စုစာရင်းပုံစံ အရေအတွက်များအား သတ်မှတ်ရက်အတွင်း ပြီးစီးရေး အလေးထား စီမံဆောင်ရွက်ကြရန် လိုကြောင်း လမ်းညွှန်ပြောကြားကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်း စီစစ်ခြင်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် မြို့မိမြို့ဖများမှ မြို့နယ်များအလိုက် စုရပ်နေရာ အသီးသီးတို့တွင် ဖြည့်သွင်းစီစစ်ခြင်းများကို ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment