မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




MNP - ဇူလိုင်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ရက်ကန်းနှင့်အသက်မွေးဝမ်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်း၊ စက်မောင်းစက်ပြင် (၂)သင်တန်း၊ အခြေခံစက်ချုပ် (၁)လသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း (၁)လ သင်တန်း၊ အခြေခံသံဂဟေဆက် နည်းပညာ (၁)လသင်တန်း၊ သစ်သီးဝလံအခြေခံစားသောက်ကုန် ရက်သတ္တပတ် တစ်ပတ်သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ရက်သတ္တပတ် တစ်ပတ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ အခြေခံစက်ချုပ်သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့်  ဘာသာရပ်များအား စဉ်ဆက်မပြတ်လေ့လာပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်၍ မိသားစု ဝင်ငွေတိုးပွားလာစေရန် ဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုမွန်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ မမြတ်နိုးပြည့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


၎င်းသင်တန်းဆင်းပွဲအခမ်းအနားသို့  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုမွန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ကျောင်းအုပ်ဆရာကြီးဦးသာဝနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှ  ၃၀ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)