မိုးနဲမြို့နယ် ပန်လော့ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် ပန်လော့ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး



MNP - ဇူလိုင်   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝမ်ဟေကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာရှိပြည်သူလူထုကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် သိန်း (၁၀၀) ဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ကစတင်၍ အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ဒုခြောက်လက်မရှိ ကွန်ကရစ်လမ်းကိုဆောင်ရွက်ခဲ့ရာ ယနေ့အထိ လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။


အဆိုပါလမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် သိန်း (၁၀၀)၊ပြည်သူ ပူးပေါင်းပါဝင်မှု ကျပ်သိန်း(၆၀) စုစုပေါင်းကျပ် သိန်း (၁၆၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပါက ပန်လော့ကျေးရွာနေ အိမ်ခြေ ၂၂ အိမ်၊ လူဦးရေ ၇၈ ဦးတို့၏ လူမှုစီးပွားနှင့်လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)