ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ




MNP - ဇူလိုင်   ၃၀


နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်းအလုပ်သမား ၁၇၂ ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင် လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။


ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ် ဘိုစတာထပ်ဆောင်းထိုးနှံပေးပြီး မိမိတို့နေရပ် အသီးသီးသို့ ချက်ခြင်း ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထား သူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃) ခုတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲခြားထားရှိ အထူးကြပ်မတ်ကာ (၃) ရက် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိခြင်း မရှိမှသာ မိမိတို့ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)