မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုအမှုဆောင်ကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ဗဟိုအမှုဆောင်ကော်မတီ (၃/၂၀၂၂) အစည်းအဝေးကျင်းပ

 


MNP - ဇူလိုင်   ၃၀ 


မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအမှုဆောင်ကော်မတီ (၃/၂ဝ၂၂) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ အသင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးစိုးမြင့် (စိုးမှူး)နှင့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြသည်။ 


ရှေးဦးစွာ အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးကလုပ်ငန်း ဆောင်ရွက်နိုင် မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရင်းမပျောက် မတည်ငွေအဖြစ် လှူဒါန်းခဲ့သော အလှူငွေများနှင့် ပတ်သတ်၍ အသင်းက စနစ်တကျစီစဉ်ထားရှိပြီး အသင်းဝင်များ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ တတိယအကြိမ် ညီလာခံက ချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းကော်မတီအသီးသီးနှင့် လုပ်ငန်း တာဝန်များခွဲဝေခြင်း၊ အသင်းဝင်များ၏ နာရေးနှင့်နာမကျန်း ထောက်ပံ့ကြေးပေးအပ်ရေး၊ နဝမအကြိမ်အသင်းဝင်များ၏ သားသမီးများ ပညာရည်ချွန်ဆုချီးမြှင့်ရေး၊ ၁၃၈၄ ခုနှစ် သက်ကြီး စာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပရေးတို့ကို ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။ 


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)