MNP ၊ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ များ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွှေတောင်မည်း မြတ်စွာဘုရား ပုရဝုဏ်ဝန်းကျင်နှင့် မြို့မပရိယတ္တိ စာသင်တိုက် အတွင်းအပြင် တို့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သပိတ်ကျင်းတပ်နယ် မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါဝင်သော စုစုပေါင်းအင်အား (၄၀၀)ဦး တို့က ရွှေတောင်မည်းဘုရားရင်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ နှင့် ဘုရားပုရဝုဏ်အတွင်းအပြင် တို့ရှိ မြက်ပင်များ ရှင်းလင်းခြင်း တို့ဆောင်ရွက်ခဲ့ကြပြီး စဉ့်ကူးမြို့ မြို့မပရိယတ္တိ စာသင်တိုက် အတွင်းအပြင် တို့ရှိ မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ ထွက်ရှိလာသော အမှိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်း ယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment