လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၌ မိုးစပါးကောက်စိုက်စက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်

 



MNP - ဇူလိုင်   ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာ၌ တောင်သူဒေါ်ချယ်ရီ၏ စိုက်ပျိုးခင်းတွင် အမှတ်(၃၅) စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်ဖြင့် ပေါင်းသတ်ဆေးဖျန်းပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တောင်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လက်တွေ့သရုပ်ပြ မောင်းနှင်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် အမှတ်(၁)လယ်ယာသုံးစက်ကိရိယာသုတေသနအလုပ်ရုံမှ စမ်းသပ်သုတေသန ပြုလုပ်ထားသော (Transplanter-mounted Boom  Sprayer) ကောက်စိုက် စက်ဖြင့် ပေါင်းသတ်ဆေးဖျန်းခြင်းကို သုတေသနစက်ရုံမှ စက်ရုံမှူး ဦးဝင်းကျော်ဦးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းတို့က တောင်သူများမြေပြင်၊ ပျိုးထောင်၊ စိုက်ပျိုး၊ ဆေးဖျန်းခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများကို မိမိတို့ဌာနအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ကြောင်း စက်မှုလယ်ယာဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)