ချင်းပြည်နယ်တရားလွှတ်တာ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်တရားလွှတ်တာ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ

 


MNP - ဇူလိုင်   ၃၀           


တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍  မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်တရားလွှတ်တော် ရုံး ၊  တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးက တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၈−၂၀၂၂) ၏ ရည်မှန်းချက်တစ်ခုဖြစ်သော တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂၊ သြဂုတ်လ (၁) ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းဖြင့် အမှုသည်များအနေဖြင့် မိမိတို့ အမှန်တကယ်ရယူလိုသည့် အခွင့်အရေးကို ကိုယ်တိုင်ညှိနှိုင်း ရယူနိုင်သည့် အတွက် စိတ်ကျေနပ်မှုမြင့်မားစေနိုင်ခြင်း၊ စေ့စပ်ဖြေရှင်းနေစဉ်အတွင်း အမှုသည်များအကြား အပြန်အလှန်ညှိနှိုင်း အဖြေရှာခြင်းအားဖြင့် ၎င်းတို့ကြား ဆက်ဆံရေးတိုးတက် ကောင်းမွန် စေနိုင်ခြင်း၊ အမှုတွင် ကိုယ်တိုင်လွယ်ကူစွာ ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း၊ အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ရန် မလိုအပ်သည့်အတွက် မိမိ ထိန်းသိမ်းလိုသည့် သတင်းအချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထားနိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးများရရှိကြမည် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူး ဦးအောင်မြင့်နှင့် ပြည်နယ်တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းတို့က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စေ့စပ်ဖြေရှင်းဆောင်ရွက်ချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ  မေးမြန်းချက်များအပေါ်  စေ့စပ်ဖြေရှင်းရေးအရာရှိ ဦးသိန်းဝင်းက ပြန်လည်ဖြေကြားသည်။


အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အတူ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ တရားရေး အရာရှိများနှင့် ခရိုင်၊ မြို့နယ်တရားသူကြီးများ၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ၊ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ဟားခါးတက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခနှင့်ကထိက၊ လက်ထောက်ကထိကများ၊ တရားလွှတ်တော်ရှေ့နေများ တက်ရောက်ခဲ့ကြောင်းနှင့် မိတ်ဆက်ပွဲ အခမ်းအနားတက်ရောက်လာသူများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ထုတ်ဝေသည့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)