MNP - ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လူအများဖူးမြော် ာ်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ ယနေ့နံနက် ၈ နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဘုရားကြီးဝန်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ရေမြောင်းများတူးဖော်ပေးခြင်း၊ အမှိုက်များအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံသိမ်းဆည်း ခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment