MNP - ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မုံရွာမြို့ ချင်းတွင်းခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌကိုယ်စား တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် ဌာနဆိုင်ရာများ၊ အမျိုးသမီး ဦးဆောင်လှုပ်ရှားသူများနှင့် ပူးပေါင်းပြီး ရှေ့လုပ်ငန်းစဉ်များကို ဖော်ဆောင်ရွက်ကြရန်နှင့် မြန်မာတို့ရဲ့ မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဖေးမကူညီခြင်း၊ ဝိုင်းဝန်းပံ့ပိုးခြင်း၊ လက်တွဲ ခေါ်ဆောင်ခြင်းတို့ဖြင့် အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လက်တွဲညီညီ ဆောင်ရွက်သွာကြရန် တိုက်တွန်း အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက မြန်မာအမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံနှင့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများမှ မြန်မာအမျိုးသမီးများနေ့ အထိမ်းအဖြစ်ပြသသည့် ဗွီဒီယိုကလစ်နှင့် မုံရွာမြို့ အမျိုးသမီးလေးများ၏ မြန်မာအျိမုးသမီးများနေ့ ဂုဏ်ပြုသီချင်းဖြင့် တေးသရုပ်ဖော်ကပြခြင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment