အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနည်းပညာကောလိပ်(မိုးညှင်း)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ




MNP -  ဇူလိုင်   ၃


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က  အဖွင့်အမှာစကားပြောကြားပြီး အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က မိုးညှင်း GTC ကို တက်ရောက်လာကြတဲ့ ဒေသအသီးသီးမှ ကျောင်းသားကျောင်းသူ အချင်းချင်း မေဂျာအချင်းချင်း ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ညီအစ်ကို မောင်နှစ်မ ညီအစ်မတတွေကဲ့သို့ ကူညီရိုင်းပင်း စောင့်ရှောက်တတ်စေရန်နှင့် အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းတတ်စေရန်ရည်ရွယ်၍ ယခုလိုကြိုဆိုပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တတိယနှစ်ကျောင်းသားတစ်ဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မောင်မယ်သစ်လွင်များဖြစ်ကြသည့် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ ပထမနှစ်ကျောင်းသားတစ်ဦးမှ အဆိုပါကြိုဆိုပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး တတိယနှစ်ကျောင်းသား၊ ကျောင်းသူများမှ ကြိုဆို သီချင်းဖြင့် သီဆိုခဲ့ကြသည်။


ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော မေဂျာအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)ကျောင်းမှ ကျောင်းအုပ်ကြီးတို့က ဆုများကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။


ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပျော်ရွှင်စွာ တင်ဆက် ဖျော်ဖြေခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းကိုယ်စားပြု KING နှင့် QUEEN များရွေးချယ်ခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)