သာကေတမြို့နယ် ဓမ္မဒူတအဖွဲ့မှ တောင်စွန်းဓမ္မဒူတတောရကျောင်းသို့ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ် ဓမ္မဒူတအဖွဲ့မှ တောင်စွန်းဓမ္မဒူတတောရကျောင်းသို့ (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 




MNP - ဇူလိုင်  ၃


ရန်ကုန်တိုင်းဒေသကြီး၊‌သာကေတမြို့နယ် ဓမ္မဒူတအဖွဲ့မှ တောင်စွန်းဓမ္မဒူတတောရကျောင်းတွင် (၂၉)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က သာကေတမြို့နယ် (၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်ရင်ပြင်ပေါ်ရှိ ပုပ္ပါရုံတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ဓမ္မဒူတအဖွဲ့အတွင်းရေးမှူး ဦးတင်အောင်မှ အဖွင့်အမှာစကားပြောကြားကာ တောင်စွန်းဓမ္မဒူတတောရကျောင်း အကျိုးတော်ဆောင် ဦးစိန်ကြိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဆရာတော်ဒေါက်တာဘဒ္ဒန္တဝိမလ (သာသနဓဇဓမ္မစရိယဘဒ္ဓမ္မစောတိကဓဇ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။


ဆက်လက်ပြီး သာကေတမြို့နယ် ဓမ္မဒူတအဖွဲ့မှတာဝန်ရှိသူများက ဆရာတော်များအား ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ဒေါက်တာဘဒ္ဒန္တဝိမလ (သာသနဓဇဓမ္မစရိယဘဒ္ဓမ္မစောတိကဓဇ) ထံမှ ရေစက်ချတရားတော်နာယူခဲ့ကြသည်။


အဆိုပါဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲတွင် ကြွရောက်လာကြသည့် (၇)ရက်သားသမီးများက ဝါဆိုသင်္ကန်းအစုံ (၃၆၀)ကျော်နှင့် စတုပစ္စယာအလှူငွေအဖြစ် ငွေကျပ်သိန်း (၁၄၀)ကျော်အား ကိုယ်တိုင်ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - ဆောင်းနှင်းဖြူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)