ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 





MNP - ဇူလိုင်   ၃


ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးတစ်ရပ်လုံးအတွက် စွမ်းဆောင်ရည်ပြည့်ဝစေရေး၊ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်နိုင်စေရေး၊ အခွင့်အရေးများကို အခြေခံသော ကာကွယ်စောင့်ရှောက်မှု အပြည့်အဝရရှိစေရေး ရည်ရွယ်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကရင်ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့်ဇနီး၊ ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပွင့်ဦးသဇင် ကုမ္ပဏီလီမိတက်၊ ကရင်အမျိုးသမီးများကွန်ယက်နှင့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ စီမံကိန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနများ၊ လူမျုရေးနယ်ပယ်တွင် အမျိုးသမီးများအရေး ဆောင်ရွက်နေသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားပြီး အကြမ်းဖက်ခံရမှုမှပပျောက်သွားနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှပပျောက်ရေး ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ကြရန်နှင့် မိရိုးဖလာယဉ်ကျေးမှုများ စံနှုန်းများအတိုင်း အမျိုးသမီးများကို တန်ဖိုးထားစောင့်ရှောက်ပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က ပြည်နယ်အတွင်း ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်အား ကြည့်ရှုခဲ့ကြကာ ဘားအံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။


အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ခင်းကျင်းပြသထားသည့် ဓါတ်ပုံမှတ်တမ်းများ၊ ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)