ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် သွင်းအားစု ဓာတ်မြေဩဇာ ထောက်ပံ့ပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် သွင်းအားစု ဓာတ်မြေဩဇာ ထောက်ပံ့ပွဲသို့တက်ရောက်



MNP - ဇူလိုင်   ၃


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာသို့ရောက်ရှိပြီး ကွင်းအမှတ်(၃၈၂)ရှိ တောင်သူ(၃)ဦး၏ လယ်မြေ(၁၀)ဧကတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ‌ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ဒေသခံတောင်သူများနှင့်‌ တွေ့ဆုံ၍ တိုင်းဒေသကြီး၏ စိုက်ပျိုး ဧကများတွင် အထွက်နှုန်းပိုမို တိုးတက်လာစေရေး၊ နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံနေကြာ စိုက်ဧကများ ပိုမိုစိုက်ပျိုးကြရန်နှင့်  စပါး(၁)ဧကလျှင် (၁၀၀)တင်းနှုန်းထွက်ရှိရေး အားထုတ် ကြိုးပမ်းကြရန်မှာကြားခဲ့ပြီး ဧက(၁၀၀)စံပြ စိုက်ကွက်ရှိ တောင်သူများအား တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်မှ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ရေနံမြေ ရှင်းလင်းဆောင်တွင် အထွေထွေမန်နေဂျာဦးဌေးဝင်းက ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု၊ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)