အောင်လံမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ



MNP - ဇူလိုင်   ၃


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ရွာထောင်ရပ်ကွက် မြသိန်းတန်ဘုရာဝန်း အတွင်းမြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၀၂၂-ခုနှစ် ဇူလိုင်လ(၃)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်စိုက်ပျိုးပေးခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိုက်ပျိုးရန်သစ်ပင်များကို အမျိုးသမီးရေးရာအဖွဲ့ဝင်များအားပေးအပ်ပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုဇူလိုင်လတွင် စိုက်ပျိုးရခြင်းမှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်အတွက် နှစ်စဉ်စိုက်ပျိုးပေးလျက်ရှိကြောင်း သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်ကပြောပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၁၀၀)၊ ပျဉ်းကတိုး(၅၀)၊ ယင်းမာ(၅၀)၊ မန်ဂျန်ရှား(၅၀)၊ ယူကလစ်(၁၀၀)၊တမာ(၁၀၀)၊ မြန်မာကုက္ကို(၅၀)၊စုစုပေါင်း (၅၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)