ညောင်ဦးမြို့နယ်၌ မိုးစပါးသီးနှံ စံပြကွက် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်၌ မိုးစပါးသီးနှံ စံပြကွက် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ



MNP - ဇူလိုင်  ၂၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးတွင် မိုးရာသီ၌စိုက်ပျိုးအကောင်အထည်ဖော်မည့် စံပြကွကတောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၄ရက်၊ နွနက် ၁၀နာရီအချိန်က မိုးစပါးတင်း ၁၀၀ ထွက်ရှိရေး စံပြကွက် စံပြကွက်ဧက (၅၀.၀၀)၌ ဆောင်ရွက်မည့် တောင်သူ (၃၉)ဦး၊ ချည်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (၃.၀၀)ဧကစိုက်ပျိုးမည့် တောင်သူ(၂)ဦးတို့အား ပံ့ပိုးပစ္စည်းများ ပေးအပ်မှုအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးစပါးစံပြကွက်နှင့် ချည်မျှင်ရှည်ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးမည့် တောင်သူများသို့ ပံ့ပိုးပစ္စည်းပေးအပ်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အခက်အခဲများ၊ လိုအပ်ချက်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဈေးနှုန်းသက်သာစွာရရှိထားသော ယူရီးယားမြေဩဇာကို ယခုစံပြကွက် တောင်သူများအား ရောင်းချပေးနိုင်ရန် ဓာတ်မြေဩဇာသယ်ယူဖြန့်ဖြူးရေးကော်မတီမှ ညှိုနှိုင်းဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ ရရှိသောမြေဩဇာများကို အကျိုးရှိ စွာစနစ်တကျ စီမံအသုံးချကြရန်မှာကြားသည်။ ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ဌေးရီက စံပြကွက်အဖြစ် ရွေးချယ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စံပြကွက်များတွင် လိုက်နာရမည့် စိုက်ပျိုးနည်းစနစ်များ၊ မျိုးကွဲနုက်ပယ်ရမည့်အချိန်များ သွင်းအားစုများကိုအချိန်ကိုက်၊ အချိုးကျ စနစ်တကျထည့်သွင်းရန်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြောင်းသိရကာ စံပြကွက်တောင်သူ (၄၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)