သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း ရေတိုက်စားမှုဖြစ်ပေါ်ကာ ရထားလမ်းမြေပြိုပျက်စီးနေမှုအား ပြန်လည်ပြုပြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း ရေတိုက်စားမှုဖြစ်ပေါ်ကာ ရထားလမ်းမြေပြိုပျက်စီးနေမှုအား ပြန်လည်ပြုပြင်


MNP ၊ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-ပြည် မီးရထားလမ်း မိုင်တိုင် (၁၄၁/၁၅)နှင့် (၁၄၃) ကြား၌ ရေတိုက်စားကာ ရထားလမ်း မြေပြိုပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ရထားလမ်းမြေပြိုပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာမီးရထားဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့ပြအင်ဂျင်နီ ယာအဖွဲ့များနှင့် ဒေသခံပြည်သူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)