MNP ၊ ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့ နံနက် (၁၀)နာရီက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကိုသက်ဆိုင်ရာစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ များအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကိုမိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်း သိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ(၁၇)ရက်နေ့အထိကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၃၇၁၇)ဦး ရာခိုင်နှုန်းအားဖြင့် (၆၁.၀၄)ရာခိုင်နှုန်းရှိပြီး၊ ဒုတိယအကြိမ်ကို (၁၀၃၁)ဦး ရာခိုင်နှုန်းအားဖြင့် (၂၃.၀၂)ရာခိုင်နှုန်းထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော ကျောင်းသား/သူများကိုသတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment