MNP - ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးဆောင်အဖွဲ့ကြီးမှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော ဝါတွင်းကာလ အရုဏ်ဆွမ်းလောင်း လှူပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ သားဗိုလ်ကြီး ရဲထွန်းဝင်း+သမီးဒေါက်တာခိုင်ခင်ဖြူမိသားစုမှ နှစ်ဖက်သောမိဘများကို အမှူးထား၍ လှူဒါန်းသည့် ဝါတွင်းကာလ”မဟာသံဃိကဒါန” အာရုဏ်ဆွမ်းလောင်း လှူပွဲကြီးကို ယနေ့ နံနက် ၄း၃၀ အချိန်တွင် ရွှေမုဌော ဘုရားအရှေ့ဘက်မုခ်ဦးတွင်ရှိသော ဒေါ်လှယဉ်(ဝိသာခါ) ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း မိသားစုများက ဦးဆောင်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ ပေါင်းစု၍ ပုသိမ်မြို့ပေါ်ရှိကျောင်းပေါင်း(၁၀၈)ကျောင်းမှ ဝါဆို ဝါကပ်တော်မူကြသော ကျောင်းတိုက်အသီးသီးမှ ဆရာတော်အရှင်သူမြတ် စုစုပေါင်း (၁၉၃၉) ပါး တို့အား အာရုဏ်ဆွမ်းလောင်းလှုပူဇော်ခဲ့ကြပြီး ပုသိမ်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး သံဃာတော် အရှင်သူမြတ် ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို အကျိုးတော်ဆောင်အဖွဲ့မှပေးအပ်ခဲ့ပြီး မရမ်းချိုကျောင်းတိုက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြရာ ဆရာတော်မှ အလှူရှင်များအနေဖြင့် မွေးနေ့မင်္ဂလာဖြစ်သည်နှင့်အညီ ရောက်ရာအရပ်တိုင်းမှာ သာသနိကအဆောက်အဦများကို ပြုပြင်မွမ်းမံခြင်းစသော ကောင်းမှုကုသိုလ်များကြောင့် ရရှိကြမည့် ကုသိုလ်များနှင့် ပတ်သက်၍ ဆရာတော်မှ မိန့်ကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှအတန်းပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်တော်မူခဲ့ကြသည့် ဆရာတော်ကြီးငါးပါးတို့အား အရုဏ်ဆွမ်းနှင့်အချိုပွဲများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးအခမ်းအနား တက်ရောက်ကြသူများကို နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်းရသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment