အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ ဇူလိုင် ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ပိုင်းက မြို့နယ်ထွေ/အုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်နိုင်ဦး  က မြို့နယ်အတွင်း အားကစား ပြိုင်ပွဲ များကျင်းပရခြင်းဖြင့် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆိုသည့်ဆောင်ပုဒ်အတိုင်းမြို့နယ်အနေဖြင့်ယခုလို အားကစားပြိုင်ပွဲများကျင်းပခြင်းဖြင့် မြို့နယ်အတွက်ဂုဏ်ယူရပါကြောင်း၊ ဘောလုံးပြိုင်ပွဲအတွက် လိုအပ်သည့်    အထောက်အပံ့များ ကူညီဆောင်ရွက်‌ပေးသွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာများ ၊မြို့နယ်ပညာရေးမှုး၊ အားကစားဦးစီးမှုး၊ မြို့နယ်ကြက်‌ခြေနီအဖွဲ့ဥက္ကဋ္ဌ နှင့်ကျင်းပရေးကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို လာမည်ဇူလိုင်လ  (၂၀)ရက်နေ့တွင်ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)