စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နောက်ဆုံးနှစ် စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား / ကျောင်းသူများ ပြင်ဦးလွင်မြို့သို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နောက်ဆုံးနှစ် စိုက်ပျိုးရေးဒီပလိုမာ ကျောင်းသား / ကျောင်းသူများ ပြင်ဦးလွင်မြို့သို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိ






MNP - ဇူလိုင်   ၁၆  


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်   တိုင်းဒေသကြီးအတွင်း သင်ကြားနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံကျောင်းများ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နောက်ဆုံးနှစ် စိုက်ပျိုးရေဒီပလိုမာ  ကျောင်းသား၊ ကျောင်းသူများအား    ဗဟုသုတရရန်နှင့် အပန်းဖြေနိုင်ရန်အတွက်  ပြင်ဦးလွင်မြို့သို့ လေ့လာရေးခရီးဆောင်ရွက်ပေးခဲ့ရာ  ယနေ့ နံနက် ( ၇:၃၀ ) နာရီက စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းအုပ်ကြီး  ဒေါ်သန်းသန်းဆွေ  ဦးဆောင်သော  နောက်ဆုံးနှစ်စိုက်ပျိုးရေးဒီပလိုမာ  ကျောင်းသား၊ ကျောင်းသူ ( ၁၀၀ ) ဦးနှင့် ကြီးကြပ်ဆရာများ ပြင်ဦးလွင်မြို့သို့ လေ့လာရေးခရီးရောက်ရှိခဲ့သည်။   


အဆိုပါ လေ့လာရေးအဖွဲ့သည်   ဒိုးကွင်ဥယျာဉ်ခြံရောက်ရှိစဉ် အပင်ဇီဝနည်းပညာဌာနခွဲလေ့လာခြင်း၊  ဆက်လက်ပြီး ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်) တွင် တာဝန်ရှိသူများမှ   ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး  ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနသို့ ဆက်လက် ရောက်ရှိကာ တာဝန်ရှိသူများမှ ကော်ဖီပျိုးပင်များအကြောင်း အသေးစိတ်ထပ်မံရှင်းလင်းပြောကြားခဲ့၍ နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။


၎င်းမှ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပွဲကောက်ရေတံခွန်သို့ ဆက်လက်ထွက်ခွာလာရာ  အဆိုပါရေတံခွန်တွင် အသစ်ပြန်လည်ပြုပြင် မွမ်းမံထားသည့်  မှန်တံတား၊ ရေတံခွန်များကြည့်ရှုအပန်းဖြေခဲ့၍ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိစဉ် သစ်ခွခြံများ၊ ပန်းမန်မျိုးစုံစိုက်ပျိုး ထားရှိမှုများအား လိုက်လံကြည့်ရှုလေ့လာအပန်း‌ဖြေ ပြီးနောက်  ရုံးဝင်းဥယျာဉ်ခြံ (ပြင်ဦးလွင်ခရိုင်)  ဟင်းသီး / ဟင်းရွက်များ စိုက်ပျိုးထားမှုနှင့်  ပတ်သတ်၍  တာဝန်ရှိသူများ မှ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါလေ့လာရေးအဖွဲ့အား   ပြင်ဦးလွင်မြို့သို့ရောက်ရှိစဉ်  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကာ  ခရီးစဉ်တစ်လျှောက်လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)