လုံခြုံရေးသတိထားရှိရန်နှင့် ဌာနဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လုံခြုံရေးသတိထားရှိရန်နှင့် ဌာနဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်



MNP - ဇူလိုင်  ၁၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ နေ့လည် ၂ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲရှိပါကတင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးသတိရှိရန်နှင့် ဌာနတစ်ခုချင်းအလိုက် လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍တင်ပြကြရာ ရန်ကင်းမြို့မစခန်းမှူးက လုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း   ကျောင်းသားအရွယ်ကလေးငယ်များ သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အမြန်ဆုံးသွားရောက်ပြသ ကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အထူးသတိထား ဆောင်ရွက်ကြပ်မတ်ကြရန်နှင့် ပန်းခင်းစီမံချက် (၂) အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - အိရွှေစင် 


မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)