မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ပုဂ္ဂလိကဆေးရုံများ၊ ကျန်းမာရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ် ပုဂ္ဂလိကဆေးရုံများ၊ ကျန်းမာရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတက်ရောက်



MNP - ဇူလိုင် ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည့် မွန်ပြည်နယ် ပုဂ္ဂလိက ဆေးရုံများနှင့် ကျန်းမာရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ ယမန်နေ့က တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့ကျန်းမာရေး ဌာနနှင့်အတူ တက်ညီလက်ညီဆောင်ရွက်ကြသည့်အတွက် အထူးဝမ်းမြောက်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် နိုင်ငံတော်မှ ပြဌာန်းထားသည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေများ၊ နည်း ဥပဒေများ၊ လိုက်နာရမည့်ကျင့်ဝတ်များ၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂလိက ဆေးရုံများ၏ လတ်တလော တွေ့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးလုပ်ငန်းရှင်များအနေဖြင့် ဆေးရုံအပေါ် မှီခိုအားထားနေရသော လူနာများ၊ ဝန်ထမ်းများအတွက် စေတနာထားလုပ်ကိုင်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)