ထပ်လုံစေတီတော်မြတ်ကြီးကို စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး ကြွေပြား / ကျောက်ပြားသန့်စင်စက် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထပ်လုံစေတီတော်မြတ်ကြီးကို စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး ကြွေပြား / ကျောက်ပြားသန့်စင်စက် လှူဒါန်း

 



MNP - ဇူလိုင်   ၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယနေ့က ကြွေပြား/ကျောက်ပြားသန့်စင်စက် လှူဒါန်းကြောင်း သိရသည်။


သံလွင်အရှေ့ပိုင်းတွင် ထင်ရှားကျော်ကြားပြီး တန်ခိုးကြီးသည့် ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ကြွေပြားများ သန့်ရှင်းရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ဒေါ်နန်းလာနွဲ့ မိသားစုက ပေးပို့လှူဒါန်းသော ကြွေပြား / ကျောက်ပြားသန့်စင်စက်တစ်လုံးကို မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်မှ ဦးအိုက်ကျစ်က မိုင်းယောင်း မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောထံသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)