ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းပို့ချ

 



MNP - ဇူလိုင်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းသင်တန်း ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းဆွေးနွေးပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်က အဖွင့်အမှာ စကားနှင့် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ BA.4, BA.5 ရောဂါများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း ဦးစွာ‌ပြောကြားပြီး၊ ဓမ္မသော်တိုက်နယ်ဆရာဝန်နှင့် တောင်လည် တိုက်နယ် ဆရာဝန်တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစကလေးငယ်များစောင့်ရှောက်မှု ပေးနိုင်ရေးလုပ်ငန်းများအကြောင်းကို သင်တန်းပေး ဆွေးနွေးပြောကြားခဲ့ရာ သင်တန်းသို့ မြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)