ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်



MNP - ဇူလိုင်   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးကြီး အတွင်း/အပြင်၌ ပြည်သူများအားနှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်၍ နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက “ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲတွေဖြစ်သော BA 4 တို့ BA 5 ကူးစက်မှုများ တွေ့ရှိလာသောကြောင့် ပြည်သူများ ကူးစက်ရောဂါ ပြန့်ပွားမှု လျော့ကျစေရေးအတွက် အသိပညာပေးပြောကြားပြီး၊ နှာခေါင်းစည်းအခု(၁၀၀၀)ကို အခမဲ့ ဝေငှပေးခဲ့ကြသည်။


ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း First Dose ၊ Second Dose များ ပြည့်မီအောင် ထိုးနှံပေးခဲ့သလို Booster Dose ထိုးနှံပေးရေးလုပ်ငန်းများ၊ ကျောင်းနေအရွယ်ကလေးများ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပြီး၊ ပြည်သူများအား လမ်းသွားလာရာတွင် နှာခေါင်းစည်များ တပ်ဆင်သွားလာကြရန် နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign အစီအစဉ် များကို  လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)