တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အသက်မွေးဝမ်း‌ကျောင်း လျှပ်စစ်သံဂဟေဆက် သင်တန်းသားများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အသက်မွေးဝမ်း‌ကျောင်း လျှပ်စစ်သံဂဟေဆက် သင်တန်းသားများအား ကြည့်ရှုအားပေး

 


MNP - ဇူလိုင်  ၁၆


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ဖွင့်လှစ်သင်ကြားလျက် ရှိသည့် လျှပ်စစ်သံဂဟေဆက်သင်တန်း ပို့ချနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက ကြည့်ရှု၍ အားပေးစကား ပြောကြားသွားခဲ့သည်။


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက် ရှိရာ ယနေ့ဆိုလျှင် ဆယ့်နှစ်ရက်ရှိပြီဖြစ်သည်။


အဆိုပါ လျှပ်စစ်သံဂဟေဆက်သင်တန်းကို ၄.၇.၂၀၂၂ ရက်နေ့မှ ၃.၈. ၂၀၂၂ ရက်နေ့အထိ သင်တန်းကာလ ရက်(၃၀)ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး၊ ကျောင်းကုန်း မြို့နယ်အတွင်းရှိ ကျေးရွာ(၁၆)ရွာမှ သင်တန်းသား(၃၀)ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း ကျေးလက်ဦးစီးဌာနက သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)