ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကျင်းပ

 


MNP - ဇူလိုင်   ၁၈


ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ထောက်ကူပြုဆွေးနွေးပွဲကို  ယမန်နေ့က အထကဘုတ်ပြင်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက အမှားကားပြေားကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မိုးက သင်ထောက်ကူပြု လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးလှကြိုင်တို့က သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုခဲ့သည်။


ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အထက-ဘုတ်ပြင်းကျောင်းမှ ဘာသာပြ ဆရာ၊ ဆရာမများက သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ထောက်ကူပြု ပစ္စည်းအသုံးပြု သင်ကြားနည်း များ လက်တွေ့ပြသခြင်း၊ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် အခြေခံပညာ ကျောင်းများမှ ဆရာဆရာမများက သင်ထောက်ကူပြုနှင့်ပတ်သက်သည်များ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ဆွေးနွေးချက်များအား အကြံပြုပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ အထကဘုတ်ပြင်းကျောင်းအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ စုစုပေါင်းကျောင်း (၁၉) ကျောင်းမှ ဘာသာရပ်သင် ဆရာ၊ ဆရာမ (၁၀၄) ဦးတက်ရောက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)