ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ ပိတောက်လမ်းပေါ်တွင် box culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်‌ ပိတောက်လမ်းပေါ်တွင် box culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP - ဇူလိုင်   ၁၈


 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရန် ရည်ရွယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌ပါသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယ(၃) လပတ်အတွင်း ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၃.၄၆)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊‌ ပိတောက်လမ်း‌ပေါ်တွင် အကျယ်(၂၀)ပေ၊ အရှည်(၃)ပေရှိ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၆ ရက်နေ့က စတင်တည်ဆောက်ပေးလျက်ရှိရာ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ တံတားတည်‌ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး‌နိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူး မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူများအနေဖြင့် လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌‌လာစေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီးဖြစ်ကြောင်း သိရှိရပါသည်။


သတင်း - နော်ခူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)