MNP - ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိအခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ဆေးရုံ တွင် ယမန်နေ့နံနက် ၉ နာရီကဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံခြင်းကို ပြည်သူ့ဆေးရုံတွင်ကျန်းမာရေး ဝန်ထမ်းများမှထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်၍ကျောင်းသား/သူများ ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံနေမှုအခြေအနေများကို ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment